ကျွန်တော်အမုန်းဆုံးကမနက်အိပ်ယာထဖို့ပေးထားတဲ့ Alarm သံကြီးပါ။ မနက်စောစောအိပ်ကောင်းပြီဆို ကျွန်တော့ကိုနှိုးပြီ မထမချင်းကိုအော်တာ။ အင်း.....ဒီလိုနဲ့ Last Minutes ထိပေကပ်ပြီးခွေနေရာက ဝုန်းကနဲစောင်ကိုလှန် ၊ ပုဆိုးကမန်းကတန်းဝတ် ၊ ရေချိုးခန်းပြေး ၊ ခေါင်းလိမ်းဆီကို ဟိုနားနဲနဲ ဒီနားနဲနဲပွတ် ၊ အဝတ်စားကမန်းကတန်းလဲ ၊ ပြီးတာနဲ့ရထားဘူတာရုံ (MRT) ဆီသုတ်ခြေတင်ပေတော့။ နောက်ထပ်မုန်းရတဲ့အရာကတော့ MRT ဝင်ပေါက်ကြီး။ သူမသိသလိုလို ဘာလိုလိုနဲ့ ဝင်လိုက်တာနဲ့မီးလေးစိမ်းပြပြီး သမသွားပြီ တစ်ကျပ်ခွဲ။ မီးများနီလို့ကတော့ ထပ်ပြေးအုံး ပါးစပ်ကြီးဖျဲစောင့်နေတဲ့ Top Up Machine ဆီ။ အသက်ရှိတဲ့အရာဆို တစ်ခါဝင်တစ်ခါ ခေါင်းခေါက်သွားလိုက်ချင်မိ။


အင်း.....ရုံးရောက်ပြီ။ ရင်ဆိုင်အုံးဟဲ့ Very Urgent ပေါင်းများစွာ ၊ နားဆင်အုံးဟဲ့ (Anyway, After that, Actually, Lah) စကားကဖြင့်မပြောရသေးဘူး Actually နဲ့ကစပြီ။ 11:30am :) လူကနဲနဲတော့လန်းလာသလို (Let's go for lunch) ကျွန်တော့အသံအကျယ်ဆုံး။ Company ကကြွေးတဲ့ထမင်းစားပြီးတော့လဲ လူလိုသိတက်စွာနဲ့ တကယ်လုပ်ပါပြီအလုပ်တွေ။ 5:00pm :) ဖင်လေးတကြွကြွဖြစ်လာပြီ။ အိတ်လေးအဆင်သင့်ပြင် ၊ ရောင်တောင်ပေါင်တောင်နဲ့ အပေါ့ အလေးသွား။ ပြန်မယ်အချိန်ဆိုသူဋ္ဌေး လမ်းထွက်လျှောက်ပါပြီ ဟိုဟာလုပ်သလို ဒီဟာလုပ်သလိုနဲ့ တစ်ရုံးလုံးပတ်ပြီးတော့ကိုလျှောက်တာ...။ အောင့်အီးပြီ6း:00pm လောက်ထိအလုပ်တွေလုပ်ပြပြီးတာနဲ့လစ်ပြီ။

ခြေလက်တွေပေါ့ပါး ၊ သူချင်းလေးနားထောင်လို့ ၊ MRT ဝင်ပေါက်ကြီးဆီရောက်ပြန်ပြီ လာထားနောက်ထက်တစ်ကျပ်ခွဲ။ ဒီလိုနဲ့အိမ်ရောက် ၊ အိတ်လေးဘုတ်ကနဲချ နောက်ဖေးခန်းပြေး ၊ ညစာချက်ပြုတ် စားသောက် ၊ ရေမိုးချိုး ၊ Computer ခုံလေးပေါ်ထိုင်လိုက်ပြီး ဟိုလုပ်ဒီလုပ် လုပ်မယ်ရှိသေး 10:00pm ထိုးပြီ။ နောက်နေ့ Run ဖို့ Energy စုထားအုံး Robot လေးရေ.......။


အပျော်ဆုံးနေ့လေးကတော့ Friday လေးပါဘဲ။ ဖုံးထဲက Alarm Icon လေးလဲမတွေ့ရတော့ဘူး။ ကဲပြီအမုန်း။။။။။။။ Sunday ညနေဆို Alarm Icon လေးပြန်ပေါ်လာပြီ။ ဟီးဟီးဟီးနဲ့ငိုချလိုက်ချင်မိတယ်။ ကဲ Robot လေးရေ ဒီအတိုင်းလေး Run လိုက်အုံးနော် Next Week လဲ။ :(

ဒီဘဝမှာ လူမှူရေးတွေလဲလစ်ဟင်းရ ၊ ဘုရားတရားအတွက်လဲ အရင်လိုအချိန်သိပ်မရ ၊ အမေနဲ့ချစ်သူငယ်ချင်းတွေဆီလဲ စာရေးဖို့အချိန်မရတော့ ၊ ဒီအခြေအနေတွေကိုနားလည်ပေးနိုင်တဲ့သူရှိသလို ၊ တစ်ချို့တစ်ချို့က ....ဒီကောင်မန်တက်နေတယ်ဆိုတဲ့လူကရှိသေး။ ဒီက Robot တွေ ကြောင်တောင်တောင်ဖြစ်ပြီး ကောင်းကောင်းမ Run နိုင်ရင် မြန်မာပြည်ပြန်ရောက်မှာတော့မသိကြဘူး။ ရယ်တော့ရယ်ရသား။

ဘယ်လိုဖြစ်ဖြစ် ဒီစက်ရုပ်ဘဝကရုန်းထွက်ချင်ပြီ။
အင်း..ရုန်းထွက်ရမယ်

လေးစားစွာဖြင့်
ပိုင်စိုး

Post a Comment Blogger

 
Win Paing Soe © 2014. All Rights Reserved.
Freelance Blogger
Top