Open Notes

May 2010

1:25 AM

ကျွန်တော်အမုန်းဆုံးကမနက်အိပ်ယာထဖို့ပေးထားတဲ့ Alarm သံကြီးပါ။ မနက်စောစောအိပ်ကောင်းပြီဆို ကျွန်တော့ကိုနှိုးပြီ မထမချင်းကိုအော်တာ။ အင်း.....ဒီလိုနဲ့ Last Minutes ထိပေကပ်ပြီးခွေနေရာက ဝုန်းကနဲစောင်ကိုလှန် ၊ ပုဆိုးကမန်းကတန်းဝတ် ၊ ရေချိုးခန်းပြေး ၊ ခေါင်းလိမ်းဆီကို ဟိုနားနဲနဲ ဒီနားနဲနဲပွတ် ၊ အဝတ်စားကမန်းကတန်းလဲ ၊ ပြီးတာနဲ့ရထားဘူတာရုံ (MRT) ဆီသုတ်ခြေတင်ပေတော့။ နောက်ထပ်မုန်းရတဲ့အရာကတော့ MRT ဝင်ပေါက်ကြီး။ သူမသိသလိုလို ဘာလိုလိုနဲ့ ဝင်လိုက်တာနဲ့မီးလေးစိမ်းပြပြီး သမသွားပြီ တစ်ကျပ်ခွဲ။ မီးများနီလို့ကတော့ ထပ်ပြေးအုံး ပါးစပ်ကြီးဖျဲစောင့်နေတဲ့ Top Up Machine ဆီ။ အသက်ရှိတဲ့အရာဆို တစ်ခါဝင်တစ်ခါ ခေါင်းခေါက်သွားလိုက်ချင်မိ။


အင်း.....ရုံးရောက်ပြီ။ ရင်ဆိုင်အုံးဟဲ့ Very Urgent ပေါင်းများစွာ ၊ နားဆင်အုံးဟဲ့ (Anyway, After that, Actually, Lah) စကားကဖြင့်မပြောရသေးဘူး Actually နဲ့ကစပြီ။ 11:30am :) လူကနဲနဲတော့လန်းလာသလို (Let's go for lunch) ကျွန်တော့အသံအကျယ်ဆုံး။ Company ကကြွေးတဲ့ထမင်းစားပြီးတော့လဲ လူလိုသိတက်စွာနဲ့ တကယ်လုပ်ပါပြီအလုပ်တွေ။ 5:00pm :) ဖင်လေးတကြွကြွဖြစ်လာပြီ။ အိတ်လေးအဆင်သင့်ပြင် ၊ ရောင်တောင်ပေါင်တောင်နဲ့ အပေါ့ အလေးသွား။ ပြန်မယ်အချိန်ဆိုသူဋ္ဌေး လမ်းထွက်လျှောက်ပါပြီ ဟိုဟာလုပ်သလို ဒီဟာလုပ်သလိုနဲ့ တစ်ရုံးလုံးပတ်ပြီးတော့ကိုလျှောက်တာ...။ အောင့်အီးပြီ6း:00pm လောက်ထိအလုပ်တွေလုပ်ပြပြီးတာနဲ့လစ်ပြီ။

ခြေလက်တွေပေါ့ပါး ၊ သူချင်းလေးနားထောင်လို့ ၊ MRT ဝင်ပေါက်ကြီးဆီရောက်ပြန်ပြီ လာထားနောက်ထက်တစ်ကျပ်ခွဲ။ ဒီလိုနဲ့အိမ်ရောက် ၊ အိတ်လေးဘုတ်ကနဲချ နောက်ဖေးခန်းပြေး ၊ ညစာချက်ပြုတ် စားသောက် ၊ ရေမိုးချိုး ၊ Computer ခုံလေးပေါ်ထိုင်လိုက်ပြီး ဟိုလုပ်ဒီလုပ် လုပ်မယ်ရှိသေး 10:00pm ထိုးပြီ။ နောက်နေ့ Run ဖို့ Energy စုထားအုံး Robot လေးရေ.......။


အပျော်ဆုံးနေ့လေးကတော့ Friday လေးပါဘဲ။ ဖုံးထဲက Alarm Icon လေးလဲမတွေ့ရတော့ဘူး။ ကဲပြီအမုန်း။။။။။။။ Sunday ညနေဆို Alarm Icon လေးပြန်ပေါ်လာပြီ။ ဟီးဟီးဟီးနဲ့ငိုချလိုက်ချင်မိတယ်။ ကဲ Robot လေးရေ ဒီအတိုင်းလေး Run လိုက်အုံးနော် Next Week လဲ။ :(

ဒီဘဝမှာ လူမှူရေးတွေလဲလစ်ဟင်းရ ၊ ဘုရားတရားအတွက်လဲ အရင်လိုအချိန်သိပ်မရ ၊ အမေနဲ့ချစ်သူငယ်ချင်းတွေဆီလဲ စာရေးဖို့အချိန်မရတော့ ၊ ဒီအခြေအနေတွေကိုနားလည်ပေးနိုင်တဲ့သူရှိသလို ၊ တစ်ချို့တစ်ချို့က ....ဒီကောင်မန်တက်နေတယ်ဆိုတဲ့လူကရှိသေး။ ဒီက Robot တွေ ကြောင်တောင်တောင်ဖြစ်ပြီး ကောင်းကောင်းမ Run နိုင်ရင် မြန်မာပြည်ပြန်ရောက်မှာတော့မသိကြဘူး။ ရယ်တော့ရယ်ရသား။

ဘယ်လိုဖြစ်ဖြစ် ဒီစက်ရုပ်ဘဝကရုန်းထွက်ချင်ပြီ။
အင်း..ရုန်းထွက်ရမယ်

လေးစားစွာဖြင့်
ပိုင်စိုး

10:05 PM
အမေနဲ့သား ပုံပြင်

သား - အမေ သား အရမ်းရုပ်ဆိုးတာပဲ
အမေ - သားရယ် ဘာမှ အားမငယ်ပါနဲ့ အခုဒီစာကိုဖတ်တဲ့သူဟာ သားထက်ပိုရုပ်ဆိုးတယ် …



ဟီးဟီး နောက်တာနော်။ စိတ်မစိုးကြနဲ့။


4:04 PM 1 ,
ဆင်းရဲတွင်းထဲက၊ ခုန်ခုန်ထ,ခဲ့မိလို့
မနာလိုသူတွေနဲ့လည်း၊ ခဏခဏ ရန်ဖြစ်တယ်။
ဖြစ်ချင်တာ မဖြစ်မှာစိုးလို့၊ ဟိုတိုး,ဒီဝှေ့နဲ့ ကြိုးပမ်းလာလိုက်တာ
ဆွေမျိုးတွေကိုလည်း၊ မေ့တတ်ပြီ။

အဓိက တရားခံကတော့
ချစ်သူဟောင်းပေါ့... မေမေ။

မေမေရေ...
မေမေ ပေးထားတဲ့.. အဖြူရောင် အင်္ကျီလေး
ကျွန်တော် သိမ်းထားပါသေးတယ်။
အဖြူရောင်က အပေမခံလို့
ညစ်ထေးမှုတွေ အဝေဖန် ခံရဲအောင်
မည်းတဲတဲလေး ဝတ်ထားခဲ့မိတယ်... မေမေ။

မေမေရေ...
ကျွန်တော် သေဆုံးတဲ့အခါ၊
ကျွန်တော့်ရဲ့ အင်္ကျီအဖြူလေး၊
ညီလေးတွေကို ပေး ပေးပါ။
သူတို့ဆီမှာ...
အစွန်းချွတ်ဆေးတော့၊ ရှိကောင်းပါရဲ့။

မေမေရေ...
ကျွန်တော့်ကို၊ လောကကြီးထဲ ရဲရဲဝင့်ဝင့် ပို့ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ်.. မေမေ
မေမေ့ကို ကျေးဇူးဆပ်ဖို့အတွက်
လောကကြီးထဲက၊ ကျွန်တော့်လို ကောင်တွေကို
စကားပြောနေပါတယ်..မေမေ။

မေမေရေ...
မေမေ သေဆုံးတဲ့အခါကျမှ၊
သား.. လက်မ ထောင်ပြလိုက်ပါရစေ..။

မောင်လှမျိုး (ချင်းချောင်းခြံ)
၂ဝဝ၁၊ ဇွန်၊ ၃ဝ၊ ၈း ၁၅ P.M

2:02 PM ,

အဲဒီမှာ တံခါးမရှိဘူး
အဲဒီမှာ ဓားမရှိဘူး
အဲဒီမှာ-
သားပြန်လာမယ့် အချိန်ကို မျှော်နေတဲ့
အိပ်မပျော်ခြင်းတွေ ရှိတယ်
အဲဒီမှာ
တစ်မြို့တစ်ရွာဆီ ဖြန့်ကြဲနေတဲ့
မေတ္တာပို့ခြင်းတွေ ရှိတယ်
အဲဒီမှာ
လူတစ်ယောက်ကို ငယ်ရွယ်သွားစေတဲ့
စိတ်ပျိုကိုယ်နု ဆေးတစ်မျိုးရှိတယ်
အဲဒီမှာ
ဝင်ရောက်ခိုနား ပျံထွက်သွားတတ်တဲ့
အစဉ်အလာတွေ ရှိတယ်
အဲဒီမှာ
လမ်းတစ်လမ်းလို ရင့်ကျက်မှုအပြည့်နဲ့
ညွှန်ပြချက်တွေ ရှိတယ်
အဲဒီမှာ
စိတ်ကူးတစ်ခုလုံး ဖြည့်စွမ်းပေးတဲ့
အနစ်နာခံစိတ်တွေရှိတယ်
အဲဒီမှာ
လရောင်နဲ့ဖျော်စပ်ထားတဲ့
ပျော်ရွှင်ခြင်းတွေ ရှိတယ်
အဲဒီမှာ
ဘယ်နေရာမှာမှ မရနိုင်တဲ့
ရင်ခုန်ဆွတ်ပျံ့တဲ့ အငွေ့အသက်တွေရှိတယ်
အဲဒီမှာ
တစ်ယောက်ပြီးတစ်ယောက်
ဘယ်သူသောက်သောက် စိတ်မကောက်တဲ့
ဆံဖြူသွားကျိုး ရေအိုးကလေးရှိတယ်
အဲဒီမှာ
အဲဒီမှာပါ
ဆိုးမိုက် ပေ တေ
ဘယ်လိုပဲ လေလွင့်ခဲ့တဲ့ သားသမီးဖြစ်ပါစေ
တံခါးဟာ ဖွင့်ထားဆဲ
အမေဟာ
အိမ်ရှေ့ လမ်းကို မျှော်ငေးနေဆဲပါ…။


ကေးမျိုးငြိမ်း
၂၀၀၈ အောက်တိုဘာ ရတီမဂ္ဂဇင်း

2:47 AM
ထာဝရအမေ

ငယ်စဉ်ကထဲက အမေဆိုလည်းအမေ အဖေဆိုလည်းအမေ အနေနှင့်ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အမေ့ကျေးဇူးကို ၊ အမေ့ကိုရှေးဦးစွာ ကန်တော့ပါ၏။

ကျွန်တော်အုဝဲမအော်ခင် အမေ့ဝမ်းထဲမှာကတည်းက အမေကရုန်းကန်ရှာဖွေခဲ့တယ်။ မောင်နှမနှစ်ယောက် လူလားမြောက်အောင် ၊ လူပုံလယ်ကြားမှာလူတမ်းစေ့နေနိုင်အောင် နေစရိတ် ၊ စားစရိတ် ၊ ကျောင်းစရိတ်အပြင် ကျွန်တော်တို့မောင်နှမနှစ်ယောက် မိုက်မဲဖြုန်းတည်းသမျှအားလုံး ဆွဲခြင်းအဟောင်းလေးဆွဲ ၊ အကျီအနွမ်းလေးဝတ် ပူအိုက်လှတဲ့ဈေးရုံထဲမှာရုန်းကန်ပြီး ရှာကျွေးခဲ့တဲ့ အမေ့ပုံရိပ်လေးတွေပြန်တွေးမိတိုင်း မျက်ရေဝဲမိတယ်။ ဘက်စ်ကားကြပ်ကြပ်လဲမမှူ့နိုင် ၊ မိုးရွာလဲမနားနိုင် ၊ နေပူလဲချွေးသုတ်လို့ရပါတယ်ဆိုတဲ့ ကျွန်တော့အမေရဲ့ ကျေးဇူးတွေကို ဘယ်လိုမှ ပြန်စပ်လို့မကြေနိုင်တော့ပါဘူး။ ပင်ပမ်းကြီးစွာပြန်လာတဲ့လမ်းကားဂိတ်လေးမှာ တစ်ခါတစ်လေလေးများ ကျွန်တော်စောင့်ခဲ့ရင် ၊ တစ်နေ့လုံးညောင်းညာနေတဲ့ အမေ့ခြေထောက်လေးကို တစ်ညတစ်လေလေးများ ကျွန်တော်နှိပ်ပေးခဲ့ရင် ၊ ကျွန်တော်ဒို့အတွက် အမေနေ့တိုင်းရုန်းကန်ရှာဖွေနေတဲ့ ဈေးရုံကြီးထဲများ တစ်ရက်တစ်လေလေး ကျွန်တော်လိုက်ကူပေးခဲ့ရင် ၊ အမေရေချိုးလို့ အမေ့ရေဝတ်လဲလေးအလိုက်တသိလျှော်ပေးခဲ့ရင် ၊ ဖြူနေတဲ့အမေရဲ့ဆံပင်လေးတွေကို ကျွန်တော်အလိုက်တသိနဲ့ ဆေးဆိုးပေးခဲ့ရင် အမေပျော်လို့မဆုံး။ အကျီအနွမ်းလေးဝတ် ၊ ဆွဲခြင်းအဟောင်းလေးဆွဲပြီး ရှာဖွေလုပ်ကိုင်နေပေမဲ့ ၊ ကျွန်တော်တို့မောင်နှမနှစ်ယောက်ကိုတော့ လူပုံလယ်မျက်နှာမငယ်ရအောင် အမေမေတ္တာတွေနဲ့ တန်ဆာဆင်ထားပါတယ်။

ကျွန်တော်တို့မိသားစုလေးသုံးယောက်ထဲမှ မမအိမ်ထောင်ကျပြီး ခွဲထွက်သွားတဲ့နှစ်ကတော့ ၂၀၀၃ ခုနှစ်ပေါ့။ အမေတစ်ခုသားတစ်ခု ဘဝလေးနဲ့နေလာရင်း အကြောင်းတရားမြောက်များစွာနဲ့ ရှိသမျှလည်းတပြုတ်ပြုတ် ၊ တစ်ဖြေးဖြေးနဲ့ ကျွန်တော်မောင်နှမနှစ်ယောက်အတွက် အမေချွေးတွေနဲ့ဖန်ဆင်းခဲ့တဲ့ ရွှေဂိုထောင်ဈေးရုံထဲလဲ အမေမရောက်ဖြစ်တော့ပါ။ ကံဆိုးမိုးမှောင်ကျပြီး ကျွန်တော့ဘဝကိုနာကြင်အောင် လုပ်ပေးလိုက်တဲ့ ခုနှစ်များ(၂၀၀၅-၂၀၀၆)။ ကိုယ့်သားအမိနှစ်ယောက်ဝမ်းရေးအတွက် အလုပ်ရှာလည်းဘယ်လိုမှမရ ၊ ဘယ်လိုအလုပ်မျိုးမဆိုလုပ်မယ်ဆိုတာတောင် မရဘူး။ ဒီလောက်ကောင်းကောင်းမွန်မွန် ရှာဖွေစားသောက်ချင်တာတောင်မရတဲ့ကောင် လာစမ်းဟဲ့လောင်းကစားလုပ်မယ်ဆိုတော့လဲ ဘောပွဲကရှုံး။ ကံရဲ့ဆိုးချက်များ။ မှတ်မိပါသေးတယ် အချို့အချို့သောသူငယ်ချင်းများ ကျွန်တော့နားမှာ အရင်ကလိုမရှိကြတော့ပါ။ ဘယ်သူမှမရှိလဲဂရုမစိုက်ပါ။ အမေရှိရင်ဖြစ်ပြီ။ ခြေထောက်နှစ်ချောင်း ၊ လက်နှစ်ချောင်းရှိရင် နောက်ဆုံးအဆင့် သားဈေး ၊ ငါးဈေးမှာ ကုန်သွားထမ်းလို့ဖြစ်ပါသေးတယ်။ ကျွန်တော်နှင့်အတူကြန်ခဲ့သောရဲဘော်များလဲရှိပါတယ်။ ဘယ်လိုဖြစ်ဖြစ် အားလုံးကိုချစ်လျှက်ပါဘဲ။ တစ်နေ့ညနေခင်း အမေဆန်အိတ်လေးခေါင်းပေါ်ရွက်လို့ ၊ မြင်မြင်ချင်းအမေကိုသွားကူတယ် အိမ်ရောက်ပြီးခဏနေတော့ အမေကငိုတယ် "သားရေအမေတစ်ဘဝလုံး အမေသူများကိုဘဲကူညီခဲ့တာ ၊ အခုတော့အမေတို့ကိုသူများကပြန်ကူနေရပြီတဲ့" ကျွန်တော် မျက်ရေတွေနဲ့လူးခဲ့ရတဲ့ညပါဘဲ။ အဲ့ဒီခုနှစ်တွေ ၊ အဲ့ဒီမျက်ရေတွေ ၊ အဲ့ဒီအကြောင်းတရားတွေ ၊ ပြီးတော့ဖြစ်ချင်ပြီ, လိုချင်ပြီဆို ရတဲ့အထိလုပ်တတ်တဲ့ တစ်ခုတည်းသော အကျင့်ကောင်းလေး ၊ အဲ့ဒီအရာတွေဟာ အခုတော့ကျွန်တော့အတွက်ခွန်အားတွေပါဘဲ။ ဘယ်တော့မှမမေ့နိုင်တဲ့ကျွန်တော့ဘဝရဲ့အရသာပါ။ ဒီလိုနဲ့ရက်အနဲငယ်ကြာတော့ ဒီအမေတစ်ခုသားတစ်ခုဘဲ ခေါင်းချင်းဆိုင်တိုင်ပင်ပြီး နိုင်ငံခြားသွားဆိုပြီး နောက်ဆုံးတစ်ခုသောလက်ကြံ အမေ့အိမ်လေးကို မတန်တဆအတိုးနဲ့ဘဲထိုးအပ်ရတော့တာပေါ့။ ဒီလိုနဲ့ဘဲ ၁၆-မေ-၂၀၀၆ မှာ Singapore ကိုရောက်ပြီး ကျွန်တော့ဘဝကိုစတင်ခဲ့တယ်။

ဪ အမေ အမေ ဆိုးဝါးလှတဲ့ကံကြမာဆိုးတွေများလှတာတောင် အမှားရွင်းတစ်ခုခုကြောင့် ဒီအိမ်လေးမရှိတော့ရင်များဆိုတဲ့ အတွေးတောင်မတွေးနိုင်တော့ဘူး။ ကျွန်တော်ဘဝကိုကောင်းစေချင်ခဲ့တယ်။ အဖေဆုံးသွားပေမဲ့ ဘယ်ယောက်ျားရဲ့အားကိုးမှူ့ကိုမှမလို မိန်းမတစ်ယောက်ခွန်အားနဲ့ ကျွန်တော်တို့မိသားစုလေး ၊ ကျွန်တော်တို့ရဲ့ဘဝလမ်းခရီးလေး လှပသွားအောင် ဖန်ဆင်းပေးခဲ့တယ်။ အခုချိန်မှာ ကျွန်တော်ဘယ်လောက်ပဲအလုပ်ကျွေးပြုပြု ၊ ဘယ်လောက်ပဲကရုစိုက်စိုက် အမေကျေးဇူး ၊ အမေမေတ္တာတွေ နဲ့နှိုင်းယှဉ်လျှင် အမေ့ချွေးတစ်စက်လောက်တောင်မရှိပါဘူး။ ကျွန်တော်အတွက်တော့ အမေဟာ မဟာတတိုင်းကြီးပါ။ ကျွန်တော်ဘဝက အမေဖန်တီးပေးထားတာပါ။ အခြေနေတွေဘယ်လိုပြောင်းပြောင်းပါ ဟိုးအရင်ကဘာကာလာမှမပါဘဲ စားခဲ့ရတဲ့ထမင်း ဆီနဲ့ဆား ၊ သူငယ်ချင်း (ရဲဘော်) တိုက်တဲ့လက်ဘက်ရေတစ်ခွက်ကိုတော့ တစ်ဘဝမမေ့ပါ။

အမေ.. မတွေ့တာလဲကြာပြီ ၊ နိုင်ငံခြားလာလို့ ခွဲခါနီး ပလစတစ်အိပ်လေးနဲ့ထုပ်ပေးလိုက်တဲ့ အမေ့ အကျီအနွမ်းလေးနဲ့ဆံပင်လေးက အမေကိုယ်သင်းရနံ့လေးတွေလဲ ပျောက်လုပြီ။ လွမ်းတယ်အမေ။ အမေကျမ်းမာပါစေ။

သား

7:45 PM
အမေရဲ့ ဆေးဗူးလေး

ကျွန်တော် ၂၀၀၃ ခုနှစ်လောက်က အမေနဲ့ခွဲပြီး နယ်ဝေးရပ်ခြားမှာပထမဆုံးအလုပ်သွားလုပ်တယ်။ သွားခါနီးမနက်မိုးလင်းမအမေကိုကန်တော့ရင် အမေစိတ်မကောင်းမှာဆိုးလို့ ညနှစ်နာရီလောက်မှာအမေမသိအောင်တိတ်တိတ်လေးအိပ်ရာထဲကထပြီး အမေရှိတဲ့ ခြင်ထောင်လေးစီ တိတ်တိတ်လေးထသွားပြီး ခြင်ထောင်အပြင်ကနေ အမေကိုသွားကန်တော့တယ်။ ကန်တော့လို့ပြီးတဲ့အချိန်မှာအမေက ကျွန်တော်ကိုဆုပြန်ပေးတယ်.... အမေအိပ်ပြီလို့ထင်ထားတဲ့ကျွန်တော် အရမ်းကိုအံ့ဪသွားတယ်။ ဪ.... အမေငါနဲ့ခွဲရမှာမို့ တစ်ညလုံးတောင်မအိပ်နိုင်ရှာဘူး..... ဒီလိုနဲ့သွားခါနီးအထုပ်ပိုးတွေအားလုံးပြင်တော့ အလွယ်တကူသုံးလို့ရအောင်ဘေးလွယ်အိတ်လေးထဲမှာထားဆိုပြီး အမေကဆေးဗူးလေးတစ်ဗူးကျွန်တော်ကိုပေးတယ်။ ဒီလိုနဲ့ကျွန်တော့ခရီးကိုစထွက်လာတယ်။ အလုပ်လုပ်မဲ့နေရာကလဲ လေယာဉ်တစ်ဆင့် ကားတဆင့် အပြင် ၉ နာရီ လောက်လမ်းရှောက်ရသေးတယ်။ ဘယ်နေရာလဲဆိုတာတော့မမေးနဲ့နော် စိတ်ဆိုးမှာ။ ဟားဟား။ လေယာဉ်တစ်ဆင့် ကားတဆင့် ပြီးတော့ နောက်ဆုံးအဆင့်မှာတော့ ၉၆၉၃ နဲ့ခရီးဆက်ရမဲ့အဆင့်ပေါ့။ လမ်းရှောက်လို့ တစ်နာရီအကြာ အဆင်ပြေသေးတယ်.., နှစ်နာရီအကြာ အဆင်ပြေသေးတယ် but :( ..., သုံးနာရီအကြာမှာ ကိုယ့်ကိုကိုယ်အားတင်းထားတုန်း ငါယောက်ကျားဘဲပေါ့...., ငါးနာရီအကြာမှာတော့ ကျွန်တော်ခြေထောက်တွေ ကွေးကျမတတ်ပါဘဲ ဒဏ်ယာတချို့လည်းရလို့။ ကန်ကောင်းစွာနဲ့ အရှေ့ရောက်ရင် တစ်Groupလုံးနားမယ်ဆိုတော့ ကျွန်တော် တော်တော်လေးပျော်သွားတယ်။ နားတဲ့နေရာလဲရောက်ရော ကျွန်တော်အိပ်တွေပြစ်ချပြီး အားရပါးရထိုင်ချလိုက်တယ်။ ချွေးတွေကတကိုလုံးရွှဲ ခြေတွေကညောင်း ဒဏ်ယာတွေကနာ အမေကိုလွမ်းနဲ့ ဘာရယ်မဟုတ်ဘေးအိပ်လေးကိုဖွင့်လိုက်တော့ အမေထဲ့ပေးလိုက်တဲ့ဆေးဗူးလေးကထွက်ကျလာတယ်။ ကျွန်တော်မျက်ရေတွေ ဘယ်လိုမကိုမတားဆီး နိုင်တော့ပါဘူး ကျွန်တော်ငိုချလိုက်တယ်။ ကျွန်တော်မက်မက်မောမောနဲ့သယ်လာတဲ့ အဝတ်စားကောင်းကောင်းတွေလည်း အသုံးမဝင်ပါ..., ရီးစားရဲ့ ရေမွေးပုလင်းလဲ အသုံးမဝင်ပါ..., အမေပေးလိုက်တဲ့ အမေရဲ့ဆေးဗူးလေးကတော့ ကျွန်တော်ရှေ့ဆက်ရမဲ့ခရီးအတွက် မဟာရတနာလေးပါ။

အမေရဲ့စေတနာ မေတ္တာတွေကို အမြဲတောင်းတလျှက်ပါ

ချစ်တဲ့ သား

(Note: ဟိုရောက်သွားတဲ့အကြောင်း အဖြစ်ပြတ်လေးတွေနောက်မှ write တော့မယ် myanmar font သိပ်မ type တတ်သေးတော့တော်တော်အချိန်ကုန်သဗျ။) :P

10:31 PM 1
Grandmother (Passed away)
My Grandmother
My Sister & My Lovely Nephew
She doesn't know what's all about internet previously. But now her son (me) on abroad, so she go cyber cafe and use internet to call me. That's what my mum loving me.

I love you..!! <3




I am missing all of you...:(

Forward mail မှဖတ်မိတာလေးသဘောကျလို့..........


တကယ့်မေတ္တာစစ်ကို ဘယ်သိပ္ပံဆရာကမှ မတိုင်းတာနိုင်ပါဘူးလို့........အဲဒီကလေ
အောက်ပါဇာတ်လမ်းလေး အတွေးဝင်မိတယ်........
အနှိုင်းမဲ့မေတ္တာ….ဖက်ဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ကိုယ့်ဘာသာကို
နာမည်တပ်ပြီး ပြန်လည်ပြောပေးတာပါနော်။
တောသားလေးည်း စာရေးဆရာကိုတော့မမှတ်မိဘူး။ ဖက်ဖူးတာတော့ကြာနေပါပြီ ။
အခုတော့ အရှင်ဝီရိယ(တောင်းစွန်း) ရေးတဲ့ ဘုန်းရယ် ကံရယ်
ကုသိုလ်ရယ်.........ဆိုတဲ့ စာအုပ်ကို ဖက်မိတော့ ပြန်လည် သတိရမိလာလို့
မျှဝေပေးတာပါ။

တစ်ခါက....ဈေးရှိတဲ့ ရွာကြီးတစ်ရွာမှာ
ဈေးဖိတ်နေ့ညနေပိုင်းရောက်တဲ့အခါမှာ နောက်နေ့ရောင်းချဖို့အတွက်
အမဲသက်လေ့ရှိပါတယ်….. အဲဒီအခါမှာ နောက်နေ့နွားသက်ဖို့ ၀ယ်လာတော့
နွားမကြီးတစ်ကောင်ဖြစ်နေတယ် အဲဒီနွားမကြီးဝယ်လိုက်တော့ နို့မပျက်သေးတဲ့
နွားငယ်လေးတစ်ကောင်ပါလာတယ်။ နွားမကြီးကို နွားသက်ကုန်းပေါ်ခေါ်လာတော့
နွားငယ် သားလေးလည်း ဘာမသိညာမသိနဲ့ လိုက်ပါလာတော့တာပေါ့။ နွားသက်ကုန်းနဲ့
မနီးမဝေးမှာတော့ အရင်ကသက်ထားတဲ့ နွားတွေရဲ့အရိုးအနံ့ရတော့ နွားမကြီးလည်း
မိမိကို သက်တော့မယ်ဆိုတာသိတော့ မောင်းလို့မရတော့ဘူးတဲ့။

လူတွေကလည်း နေမ၀င်ခင် ကိစ္စပြီးအောင်လုပ်ရမှာဆိုတော့ နွားမကြီးကို
နောက်ကနေမောင်းလို့မရတော့တဲ့ အဆုံး နှာကြိုးကို လှန်ပြီး
ရှေ့ကနေတအားဆွဲတော့တယ်။ နွားမကြီးလည်း ကြောက်အားလန့်အားနဲ့ ယက်ကန်
ယက်ကန်နဲ့ ရုံးနေတာပေါ့။ အဲဒီအချိန်မှာ နွားသားလေးက ဘာမှမသိရှာဘူးလေ။
တောထဲမှာ မြတ်စားရင်း ဆော့ကစားနေလေရဲ့။ နောက်တော့ပါလာတဲ့လူတွေအားလုံးက
နွားမကြီးနှားဖျားကြိုးကို တအားဆွဲကြတော့ နွားမကြီးရဲ့ နှာဖျား အသား
တွေပြတ်သွားတော့တယ်။ သွေးတစက်စက်နဲ့ နွားမကြီးလည်း ကြောက်အား
လန့်အားပြေးတော့တာပေါ့။

လယ်ကွက်နှစ်ကွက် သုံးကွက်လောက် လွန်တဲ့အခါမှာ ကျန်တဲ့နွားသားငယ်လေးက
အမေကိုမတွေ့တော့ အသံပေး အော်လိုက်တော့ နွားမကြီးလည်း ဆက်မပြေးတော့ဘူး
နွားသားလေးကိုရပ်စောင့် နေတယ်။ နွားသားလေးနဲ့အတူ နွားသက်သမားတွေက ပါလာတော့
နွားမကြီးလည်း နောက်လယ်ကွက် သုံးကွက်လောက်ဆက်ပြေးပြန်ေ၇ာ ။
အမေနဲ့အတော်ဝေးသွားတော့ နွားသားလေးလည်းဆက်အော်ပြန်တော့
နွားမကြီးလည်းတစ်ဖန် ရပ်စောင့်နေပြန်တယ်။

အဲဒါကို နွားသက်သမားတွေက နွားမကြီးကိုလိုက်နေ့လို့တော့
ဒို့တောနေ၀င်သွားတော့မယ်။ ဖမ်းဖို့တော့မလွယ် တော့ဘူး။
သူ့သားလေးကိုဖမ်းရင်တော့ သူပြန်လာမှာပဲဆိုတဲ့ အကြံကိုရရှိသွားတော့တာပေါ့။
အဲဒါနဲ့ နွားသား လေးကိုဝိုင်းဖမ်းကြတော့တယ်။ နွားသက်ကုန်းမှာ
နွားသားလေးကိုကြိုးနဲ့ချီထားပြီး အော်အောင် ၀ိုင်းရိုက် ကြတယ်။ သားလေးရဲ့
မချိမဆံ့အော်သံကိုကြားရတော့ နွားမကြီးလည်းဆက်မပြေးနိုင်တော့ဘူး။
သူ့မှာရှိတဲ့ ဒဏ်ရာကိုရော အသက်ခံရမယ်ဆိုတဲ့အသိကိုပါ မေ့ပြီး
သားလေးရှိရာကို ပြန်လှည့်လာတော့တာပေါ့။

နွားသက် သမားတွေကလည်း လက်နက်ကိုယ်စီနဲ့ ကိုင်စောင့်နေကြတာပေါ့။
နွားမကြီးကလည်း သားလေးရှိရာကို တဖြေး ဖြေးလှမ်းလျှောက်လာတယ် ။
သားလေးရဲ့ကိုယ်မှာရှိတဲ့သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလျှာနဲ့ လျှက်ပေးနေ
တော့တယ်။ အဲဒီအချိန်မှာနောက်မှာရှိတဲ့ နွားသက်သမားတွေက
သူတို့လုပ်ရမယ့်လုပ်ငန်းကို ဆက်လုပ်ကိုင်ကြ တော့တယ်။
ဒါကို မြင့်မိုရ်ဦးရဲ့နောက်ဆုံးရေစင်ပဲဆိုတာ နွားသားလေးကသိချင်မှ
သိမယ်ပေါ့နော်။ မြင်းမိုရ်ဦးက တော့ ကွယ်ပျောက်သွားပြီ။
ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ...............
ဘုရားရှင်မေတ္တာသုတ်တော်မှာ ဟောကြားတော်မူတဲ့ မာတာယထာ နိယံပုတ၊္တ မာယုသာ
ဧကပုတ္တ မနုရက္ခေ ။ လူမိခင်များသာမကဘူး တိရစ္ဆာန်မိခင်များလည်း ရင်သွေးကို
အသက်နဲ့လဲပြီး ကာကွယ်ကြတယ် ။
အဲဒါကြောင့် အနှိုင်းမဲ့မေတ္တာကို ဘယ်သိပ္ပံဆရာကမှ မတိုင်းတာနိုင်ပါဘူး။
မိဘကျေးဇူး ဆပ်နိုင်ပါစေ .................

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget