Open Notes

အမေသို့ တမ်းချင်း (ကဗျာ)

အမေသို့ တမ်းချင်း

တိတ်ဆိတ်ချင်း၏ အရသာနှင့်
အိပ်စက်ရာ နေရာလေးမှ
နိုးထလိုက်သည်ကစလို့
ဪ...,
အမေ့ရင်ခွင် ဗလာအပူပင်မှာ
ကျွန်တော်ခိုနားခွင့် ထပ်ရချင်စိတ်ဖြင့်
အမေ့ရင်ခွင်ကိုလွမ်းမိတယ်..။

မိုးလေးတဖွဲဖွဲ
မှောင်မှောင်မဲမဲ ကောင်းကင်အောက်မှာ
အလွမ်းသီချင်း သီကျူးရင်း
ဪ...,
အမေတစ်ယောက် အိမ်မိုးအောက်မှာ
အထီးကျန်နေပြီလား
အမေတစ်ယောက် အိမ်မိုးအောက်မှာ
နွေးထွေးစွာရှိနေရဲ့လား
တမ်းတမိပြန်..။

တန်ဘိုးကြီးလှ စားပွဲလှလှ
စားသောက်ဖွယ်ရာ စုံလင်စွာဖြင့်
အဖော်စုံလင် ပျော်ရွှင်ချိန်လည်း
ဪ...,
အမေသာဆိုရင်
ပါးလေးမြုံ့မြုံ့ ပါးခုံးလေးလှုပ်လှုပ်နှင့်
ဘယ်လောက်များကြည်နူးနေလိုက်မလဲ
သတိရမိပြန်ရော။

သူအိုသူငှာ ၊ အဖော်မဲ့စွာ
လူတကာငြူဆူ ၊ အကူညီကင်းမဲ့
မြင်တွေ့သော်ငြား
ကျွန်တော်အဖို့ လျှစ်လျူမရှူနိုင်
တတ်အားသမျှ ကူညီမိ၏
ဪ...,
အမေအကူညီ အခက်ခဲများရှိခဲ့လျှင်
"ကူညီဖေးမမဲ့သူ ရှိနိုင်ပါစေ"
ဂရုဏာစိတ်ဖြင့် လွမ်းမိပြန်တယ်။

ဘယ်အရာတွေ
ဘယ်လိုပြောင်းပြောင်း
ဘယ်လိုဟောင်းဟောင်း
အမေများ၏မေတ္တာကတော့
တွေးမိတိုင်း အသစ်တိုင်း လတ်ဆပ်ဆဲပါ။


အမေရေ..,
အမေနေကောင်းပါစေ။

ချစ်တဲ့
သား
Labels:

Post a Comment

Facebook
Blogger

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget